RSS Feed (xml)

Powered by Blogger

Thursday, October 1, 2009

နာမကျန်းသူပုံပြင်

ချောကလက်တစ်ခွက်၊ သီချင်းတစ်ပုဒ် ဘေးချ
လွမ်းဖျားလွမ်းနာဆန်ဆန်
ချဉ်စူးစူးသက်ပြင်းတစ်ခု ကောက်တပ်လိုက်တယ်
အဲဒီ့မှာ ဖြစ်ပြီ ....

မွှေးချင်ယောင်ဆောင်ထားတဲ့နှင်းဆီတစ်စည်းနဲ့
ထိပ်မှာချိုတစ်ချောင်းသာပါတဲ့သတ္တ၀ါ
နမ်းရှိုက်ချင်သူဟာ ဆူးစူးမယ်
သိပ်အာရုံနောက်လာရင် ဦးနှောက်ရောနှလုံးသားပါ
စုတ်ပြတ်သပ် ကွဲထွက်သွားလိမ့်မယ်
ပိတ်ဆီးထားတဲ့မြစ်ကိုယ်တိုင်မှာ အောက်စီဂျင်ရှိနေသမျှ
ရေစက်တိုင်းကို ဟိုက်ဒရိုဂျင်ဟာ ဆုတောင်းခြွေနိုင်တယ်
အမျှဝေနိုင်တယ်
အတင်းအကြမ်းသိမ်းပိုက်နိုင်တယ်
ပက်ကြားအက်သွားတဲ့ နီစွေးစွေးမြေတွေချည်းဆိုရင်တော့သေချာပြီ
အဲဒီမြစ်မှာ အသည်းစားငါးအသေတွေ
ဖွေးဖွေးလှုပ်ဆွေးနေတော့မှာ ...

အဲဒီမှာ ...
ငါ .. အဖျားလွန်ပြီး လဲကျသွားတယ်။ ။

Craton
၁.၁၀.၂၀၀၉

(အငှါးခံစား/ ခုတလော ကြားနေ၊ ဖတ်နေရတာတွေကို ဘာရယ်မဟုတ် ကောက်ပြီးဆက်စပ်ကြည့်လိုက်တာ)

9 Comments:

မယ်ကိုး said...

ငြိမ်းချမ်းရေးယူထားတာမို့ ကဗျာလေးကောင်းတယ်လို့ လာပြောတာ မဟုတ်ပါ။
ကဗျာလေး တကယ်ကောင်းတာ။

ချမ်းလင်းနေ said...

ကဗျာလေးကောင်းလေးကို လာဖတ်သွားပါတယ်ညီရေ။

ချမ်းလင်းနေ said...

ညီမေးလ်အကိုဆီမှာ ရှိပေမယ့် အိန်လိုင်းမှာ မတွေဖြစ်ကြသေးဘူး။ခင်မင်ခွင့်ရတာ ဝမ်းသာပါတယ်ညီရေ။
အွန်လိုင်းတက်လာရင် ခေါ်လိုက်မယ်နော်။

MANORHARY said...

အလိုလိုကမှကျန်းမာရေးမကောင်းရတဲ့ထဲ
ကဗျာခေါင်းစဉ်ကြည့်ပြီး လာဖတ်ဖို့တော်တော်
အချိန်ယူလိုက်ရတယ် ..း(
ခုတော့လည်း အငှားခံစား တဲ့ ..ခစ်...း)

Angel Shaper said...

အယ်... အဖျားတောင်လွန်ပြီး လဲကျတယ်။
ကဗျာလေးတွေ ပိုပိုကောင်းလာသလားလို့ ခရာတွန်..နော်။

စိမ်း... said...

ဆရာဝန်သွားမပြဘူးလား .... :P
ဟက် ဟက် စတာ
ကဗျာက အလန်းစားပဲ...
တွေးစရာလေးတွေ ချန်ခဲ့တယ်...

ခင်တဲ့
စိမ်း

sait phay yar said...

ကလေးလေး နေကောင်းဘူးလားကွယ်၇ို့ နေကောင်းအောင်နေလေ နော့်

Craton said...

နေကောင်းပါ၏.. ဒါ့ကြောင့်လည်း အောက်မှာ စာကြွင်းထည့်ထားတာပါ.. ကျေးကျေးစ်း)

lover said...

အင်း ချောကလျက်ကော်ဖီလာသောက်သွားတယ် :P T