RSS Feed (xml)

Powered by Blogger

Thursday, September 24, 2009

ထိုနေ့ခရီးတို - ၁

၂၁ ရက် တနင်္လာနေ့မနက် ၇ နာရီမှာတစ်ယောက်က အခန်းထဲဝင်လာပြီး နှိုးတယ်။ အားလုံးပြင်ဆင်လို့ပြီးတော့မယ် မလိုက်တော့ဘူးလားတဲ့။ တစ်နိုင်ငံလုံး အလုပ်ပိတ်ရက်ဖြစ်ပေမယ့် ကိုယ်ကအလုပ်သွားသင့်၊ မသွားသင့် ညကတည်းက မပြတ်မသားဖြစ်နေတာ။ သွားရင်လည်း လခနှစ်ဆရမယ်။ မသွားရင်လည်း ပျော်ရမယ်။ အပင်ပန်းသက်သာမယ်။ ညကလည်း ၂နာရီလောက်မှအိပ်ထားတော့ မလန်းနိုင်ဘူး။ အိပ်စုံမှုန်မွှားနဲ့ ကမန်းကတန်းထရေချိုးတယ်။ ၁၀ မိနစ်အတွင်း အကုန်အပြီးအစီးလုပ်ရတာ။ ဟိုရောက်ရင် ကမ်းကုန်အောင်ဆော့မှာဆိုတော့ အင်္ကျီအပိုတစ်ထည်၊ လက်ရှည်တစ်ထည်၊ ဘောင်းဘီတိုတစ်ထည်နဲ့ mousse ဗူး၊ နေကာမျက်မှန်၊ ear-ph၊ ရေသန့်အသေးတစ်ဗူး၊ Red Bullတစ်လုံး စတာတွေကို ဘေးလွယ်အိတ်ထဲ ခပ်မြန်မြန်ကောက်ထည့်ပြီး ရှေ့ကသွားနှင့်ပြီဖြစ်သူတို့နောက်ကို အမှီလိုက်ရပါတော့တယ်။ ဒါတောင် မထွက်ခင် ဖိနပ်ပျောက်လို့ အိမ်နောက်ဖေး၊ အိမ်ရှေ့နှံ့နေအောင် လိုက်ရှာရသေးတယ်။ နောက်ပြီးခြေအိတ်တွေရော ဘယ်တွေရောက်ကုန်မှန်းမသိ။ မနက်စောစောစီးစီး ချွေးတွေနဲ့။ နောင်တရနေတယ်.. ညကတွေဝေအပျင်းထူပြီး ဘာမှကြိုပြင်ဆင်မထားမိတာမှားလေခြင်းပေါ့။ အပြင်ရောက်သွားတော့ သူများတွေကျိန်ဆဲတာ ခံရတာပဲအဖတ်တင်တယ်။

ကဲ .. လမ်းထိပ်တော့ရောက်ပြီ။ ကားငှါးကြတယ်။ Pudu ကားဂိတ်ရှိရာ ကေအယ်လ်က Kota Raya ကိုပေါ့။


















မနက်ခင်းကသာ ကြည်လင်နေတာ လူကခေါင်းမကြည်ဘူး။ ကားသမားက မောင်းတာတော့အမြန်သား။ ခဏလေးနဲ့ရောက်သွားသလိုပဲ။ ဟိုရောက်တော့ ကားက ၉ နာရီခွဲမှထွက်မှာမို့ အရမ်းစောနေတယ်။ ဒါပေမယ့် လက်မှတ်တစ်စောင်လိုနေလို့ လိုက်ဝယ်ဖို့ကရှိသေးတယ်။ ဒါနဲ့ပဲ ကားဂိတ်မှာ လက်မှတ်ရောင်းတဲ့ဆိုင်တွေ၊ ပွဲစားတွေဆီမှာ မရမကလိုက်ဝယ်ရပါတယ်။ အချိန်ကောင်းဆိုတော့ ဒင်းတို့ကလည်း တစ်ဆင့်ရောင်းတွေမို့ ဈေးကမချောင်ဘူး။ ကိုယ်တို့က ကြိုဝယ်ပြီးသားဆိုတော့ ကိစ္စမရှိဘူး။ တစ်ယောက်ကခုမှလိုက်လာလို့ လိုနေတော့ ဒီလိုပဲဝယ်လိုက်ရတယ်။














ဟောဒီ့ ဆိုင်တန်းတွေထဲ တိုးမပေါက်တဲ့လူတွေကြားကပဲ လက်မှတ်လိုက်ဝယ်ရပြန်တယ်။ ကော်ဖီဆိုင်တွေ၊ မုန့်ဆိုင်တွေ၊ စောင့်ဆိုင်းရန်ထိုင်ခုံတန်းလျားလေးတွေ၊ အိမ်သာတွေ၊ လက်မှတ်ရုံတွေမှာ လူတွေနည်းတာမှမဟုတ်ဘဲ။ မနက်ခင်းနေရောင်နဲ့အပြိုင် အလုအယက်တိုးလွှားနေကြတာ။

















အချိန်စောနေသေးတာမို့ ကိုယ့်ဟာကိုယ်အပြင်ခဏထွက်ခဲ့ပြီး မြန်မာဆိုင်တစ်ဆိုင်ပေါ်တက် အပေါ့အပါးအေးဆေးသွား (ဟိုမှာလိုတိုးဝှေ့နေစရာမလို)၊ လိုအပ်တဲ့ မုန့်တို့၊ တစ်ရှူးတို့၊ အမူးအမော်ပြေရှောက်သီးဆေးပြားတို့ ဘာတို့ဝယ်ပြီး ခဏလမ်းသလားလိုက်သေး။ အချိန်နီးတော့မှ သူတို့ရှိရာပြန်လာခဲ့လိုက်တယ်။




ကားကလည်း ထွက်တော့မှာမို့ အတော်ပါပဲ။ အနီရောင် အဝေးပြေးကားကြီးရှိရာကို သူ့လှေခါးအတိုင်း သူသတ်မှတ်ထားတဲ့လမ်းအတိုင်း မြေအောက်ထဲဆင်းပြီး စောင့်ရပါတယ်။ ခဏကြာတော့ ကားပေါ်တက်ပြီး ကိုယ့်နေရာကိုယ်ယူလိုက်ကြတယ်။ ထိုင်ခုံမှာထိုင်ပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် ဓါတ်ပုံရိုက်၊ ပါလာတဲ့ အာလူးကြော်ကိုထုတ်စား၊ ဒီကြားထဲဘေးခုံ၊ နောက်ခုံက သူငယ်ချင်းတွေက လုစားကြသေးတယ်။ ရေသန့်ဗူးထုတ်သောက်။ အဆာပြေရုံလောက်ပေါ့။

ကားက မြေအောက်ထဲကနေ လမ်းမကြီးပေါ်ကိုတက်လို့ စောစောစီးစီးပျားပန်းခတ်နေတဲ့ ကွာလာလမ်ပူ မြို့လယ်ခေါင်ကို တဖြည်းဖြည်းထားခဲ့ပြီး တောအုပ်ညို့ညို့ တောင်တန်းမို့မို့တွေဆီ ဦးတည်နေပါတယ်။


ကျယ်ပြန့်လှတဲ့ အဝေးပြေးလမ်းကြီးတွေကတော့ ထုံးစံအတိုင်း ပျင်းတိပျင်းတွဲ။


လှမ်းမြင်လိုက်ရတဲ့ ခပ်စိမ်းစိမ်းစိုစိုမြင်ကွင်းတချို့ကြောင့် ကိုယ့်နိုင်ငံကိုသတိရသွားမိတာတော့အမှန်။ ဒီလိုခရီးသွားရင် ကိုယ့်နိုင်ငံတုန်းက ခရီးသွားခဲ့ဖူးတာကို မြင်ယောင်တယ်။ ဘေးက တောအုပ်တွေ၊ တောင်တန်းတွေ၊ စမ်းချောင်းတွေ.... တဲပုလေးတွေ... စပါးခင်းတွေ... ကောက်ရိုးပုံတွေ... အိုး.. ဒီမှာမမြင်ရသမျှ အကုန်ကိုလွမ်းတော့တယ်။


တစ်နာရီလောက်ကြာတော့ ကားကတောင်ကိုစတက်နေပြီ။ အပေါ်ရောက်လေလေ နားအူလာလေလေပဲ။ တိမ်တွေကလည်း လုံးဝအသွင်ကွဲကုန်တယ်။ မြေပြန့်မှာမြင်နေကျလို ခပ်ပါးပါးကျဲကျဲမဟုတ်ဘဲ ထုနဲ့ထည်နဲ့အပြင် တိမ်အတုတွေလားတောင်ထင်ရတယ်.. မှိုင်းလည်းမှိုင်းတယ် မြူတွေလည်းပါတယ် လက်လှမ်းလိုက်ရင်ဖမ်းမိတော့မလို နိမ့်နိမ့်လေးတွေရယ်...။



တောင်ပေါ်ရောက်ခါနီးတော့ ကားနှစ်စင်းလမ်းဘေးကိုထိုးဆင်းပြီး မီးခိုးတွေတစီစီထွက်နေတာကို မြင်လိုက်ရတယ်။ ဘာဖြစ်တာလည်းတော့မသိ။ တွေ့တာကို အမိအရရိုက်ထည့်လိုက်တာပဲ။
ကားဂိတ်ရောက်တော့ အားလုံးကားပေါ်ကဆင်း၊ အပေါ့အပါးသွားကြမယ်ပေါ့။ အပြင်လေကိုထိလိုက်တာနဲ့ အံ့သြသွားရတယ်။ တောက်လျှောက် ဒီနိုင်ငံရောက်ကတည်းက ဒီလောက်အေးတဲ့လေမျိုး ယောင်လို့တောင်မတိုက်ဖူးဘူး။ အသက်၀၀ရှူပြီး စိမ့်ခနဲတိုက်လာတဲ့လေတွေကြားကပဲ ဆက်လျှောက်ခဲ့တယ်။
အဲ.. အိမ်သာထဲဝင်မယ်လုပ်တော့ ရုတ်တရက်ကိုယ့်အင်္ကျီဘေးနားကို ဘာရယ်မသိလက်နဲ့စမ်းမိလိုက်တယ်.. လားလား..စိုစိုရွှဲနေတာ.. ဘာလို့လည်းပြန်ကြည့်လိုက်မှ ထည့်လာတဲ့ရေသန့်ဗူးကို အဖုံးသေချာလုံအောင်မပိတ်မိလို့ ရေတွေက စောင်းပြီးတစ်လမ်းလုံး တတောက်တောက်ကျနေခဲ့တာ။ သိလိုက်တဲ့အချိန်က အတော်နောက်ကျသွားပြီ။ အင်္ကျီအောက်ပိုင်းတစ်ပိုင်းလုံး စိုတဲ့အပြင် ဘောင်းဘီ/ရဲ့ အပေါ်တောက်လျှောက် အနောက်ဖက်မှာ အကြီးအကျယ်ကိုစိုစိုရွှဲနေတာ။ ဒုက္ခပေါ့။ လူတွေတစ်မျိုးထင်ကုန်တော့မှာပဲ။ ဒါနဲ့ လမ်းလျှောက်တာတောင် ဖြောင့်အောင်မလျှောက်နိုင်ပါဘူး။ ဘေးက ကိုယ့်ကိုယ်ဘယ်သူတွေကြည့်နေလဲ ခိုးခိုးကြည့်၊ သတိထားပြီး ကျုံ့ကျုံ့လေးလျှောက်ရတယ်။ လွယ်အိတ်ကိုသိုင်းလွယ်လိုက်ပြီး အနောက်ဖက်ကို ကွယ်ပြီးသွားရတယ်။ ဖြစ်ပုံ ဖြစ်ပုံ..။ အဲ့လောက်စိုနေတာ တစ်လမ်းလုံး ကိုယ့်ကိုယ်ကိုယ်တောင်မသိဘူးလားမသိ။
အပြန်လက်မှတ်တွေတစ်ခါတည်းဝယ်မယ်လုပ်တယ်။ လက်မှတ်က ဒီနေ့အပြန်အတွက် အားလုံးရောင်းကုန်ပြီဆိုပဲ။ ည ၈ နာရီခွဲတောင်ကုန်ပြီတဲ့။ ဒါပေမယ့် အငှါးကားတွေ တစ်ပုံတစ်ပင်ရှိနေတာပဲဆိုပြီး တက္ကစီသမားတစ်ယောက်စီက ဖုန်းနံပါတ်တောင်းပြီး အပေါ်ဆက်တက်ခဲ့တယ်။ Skyway စီးဖို့လေ။ တောင်ပေါ်ကို ဒါနဲ့တက်ရမှာ။ ကားလက်မှတ်ဝယ်ကတည်းက တစ်ခါတည်းစီးဖို့လက်မှတ်ကပါပြီးသား။ ဒီလိုကားနဲ့မလာဘဲ ကိုယ်ပိုင်ကားနဲ့၊ အငှါးကားနဲ့လာတဲ့လူတော်တော်များများကတော့ skyway ကိုစီးမနေဘူး။ တစ်ခါတည်းတောင်ပေါ်ကို တန်းသွားကြတာပဲများတယ်။

လှေခါးအတိုင်းတက်လာပြီး ခန်းမကြီးထဲရောက်တော့ ၀ါးးး... များလိုက်တဲ့လူတွေ။ တန်းစီနေကြတာ ကွေ့ကောက်ဝိုက်ပတ်ပြီး လူအယောက်ရာချီမယ်။ skyway ဘက်ကိုလှမ်းကြည့်လိုက်တော့ မဆိုးပါဘူး..တစ်စီးထွက်သွားတာနဲ့ နောက်နှစ်စီးသုံးစီးက ချက်ချင်းဆိုက်ဆိုက်လာတယ်။ ဒါတောင်အလျင်မမှီတဲ့အပြင် စီးမယ့်လူတွေက ဒုနဲ့ဒေးပျော်ပျော်ကြီးတန်းစီနေကြတာ။

နာရီဝက်လောက်တော့ အနည်းဆုံးဖြုန်းလိုက်ရတယ်။ လူတကာကိုလိုက်ငေး၊ အချင်းချင်းအမြင်တွေဖလှယ်ကြ၊ ဘယ်သူတွေက ဘယ်လိုဝတ်စားလာ၊ ဘယ်သူတွေက ဘယ်လိုလှကြပုံ၊ ဘယ်ကလေးလေးတွေက ချစ်စရာကောင်းပုံ အဖုံဖုံပါပဲ တီးတိုးတီးတိုးနဲ့ပေါ့။ မြန်မာအုပ်စုတွေ အနားရောက်လာရင် အတင်းတုပ်တာတွေ ရပ်လိုက်ကြရတယ်။ ကြားသွားရင်မကောင်း..း) ဂျိုကာလိုဝတ်စားထားတဲ့ တရုတ်လူငယ်နှစ်ယောက်ကလည်း ကလေးတွေလာတောင်းရင်ပေးဖို့ ပူပေါင်းတွေထဲလေထိုးထည့်ပြီး ပုံသဏ္ဌာန်မျိုးစုံပဲလုပ်ပြနေတာ။ မြန်လည်းမြန် တော်လည်းတော်။ ကျွန်တော်တောင် ကလေးတွေဆီက သွားလုချင်သေး။း)


တဖြည်းဖြည်းနဲ့ တန်းစီလာလိုက်တာ နောက်ဆုံးတော့လည်း စီးရပြီ။ မတက်ခင် အားလုံးတစ်တွဲတည်းမှာ စီးရဖို့ ရှေ့ကလူတွေကို အတင်းထိုးကြိတ်ထည့်ပေးလိုက်သေး။ ပြီးတော့ ဆိုက်လာတဲ့တစ်တွဲပေါ် အလုအယက်တက်ကြ၊ ပျော်ဖို့တော့အတော်ကောင်းတယ်။

ခုနတန်းစီခဲ့တဲ့ အဆောက်အဦကြီး အောက်မှာကျန်ခဲ့ပြီ။ ဒီလိုကျတော့လည်း အသည်းယားစရာကောင်းသား။ ကြိုးကတစ်ကြိုးတည်းနဲ့ထိန်းထားတာမို့ ပျက်များကျရင်ရှယ်ပဲဆိုပြီး လိုက်စတော့ အားလုံးက သြဘာပေးကြပြန်ပါတယ်။

တောတောင်တွေအထပ်ထပ်ဖြတ်လာသလို တဖြည်းဖြည်းလည်း ပိုပိုမြင့်လာပါတယ်။ ဟိုးအောက်က သစ်ပင်တွေ ကျောက်တုံးတွေ လမ်းတွေဆိုတာ တကယ့်သေးသေးလေးတွေ။



ဘေးကအပြိုင်မြင့်လာနေတဲ့ တောင်တစ်တောင်ပေါ်က လှမ်းမြင်လိုက်ရတဲ့ လှေခါးထစ်တချို့.. ဒါကြီးကို ဆောက်ခဲ့တုန်းက လုပ်သားတွေအတက်အဆင်းလုပ်ခဲ့တာဖြစ်နိုင်ပါတယ်။ လူမရောက်နိုင်တဲ့နေရာမို့ မြက်ဖုတ်တွေ အရိုင်းပင်တွေတောင်ပေါက်လို့။

ကြည့်ကောင်းတုန်း၊ ဓါတ်ပုံရိုက်ကောင်းတုန်းရှိသေး။ ချက်ချင်းဆိုသလို အမှောင်ကျသွားတယ်။ ရှိသမျှမြင်ကွင်းတွေလည်းေ၀၀ါးကုန်တယ်။ အရင်ရောက်ဖူးသူတွေကတော့ တောင်ထိပ်ပိုင်းမို့ တိမ်တွေမြူတွေကြားထဲရောက်နေတာတဲ့။ ပျော်လိုက်လေ့ဖြစ်ခြင်း။ လေယာဉ်ပျံစီးရင်တောင် ဒီလောက်ရင်မခုန်။ We're in Heaven.. We are in Heaven.. ဆိုပြီး ပြတင်းဝ အပေါက်သေးသေးလေးက မှန်ကိုဖယ်ပြီး အရှက်မရှိ ကျွန်တော်အော်ဟစ်ပစ်လိုက်တယ်။ ပါးလုံးလေးပြောသလို တောသားမြို့ရောက် မျောက်ဖြစ်ပေါ့..း)

အော်နေတုန်း အသံရပ်သွားတယ်။ လန့်သွားလို့။ အပေါ်ရောက်ခါနီး ထောင်ထိပ်ကဟိုတယ်ကြီးတွေကိုတောင် ရေးတေးတေးမြင်နေရမှ skywayက တုံ့ခနဲ အရှိန်သေသွားတယ်။ အသံတွေအားလုံးတိတ်ဆိတ်ကုန်ပြီး ကျွန်တော်က အောက်တွေ ဘေးဘီဝဲယာတွေကို ခေါင်းပြူပြီး အပြူးအပြဲလိုက်ကြည့်တယ်။ ဘာဖြစ်တာလဲပေါ့။ ခဏပါပဲ။ နောက်တော့ ကြိုးတွေပြန်လည်လာပြီး အပေါ်ကိုချောချောမောမောရောက်သွားခဲ့တယ်။



ဆက်ရန်...

28 Comments:

MANORHARY said...

း)

MANORHARY said...

1 :)

kiki said...

ရောယောင်ပြီး ရှူးပေါက်ချလိုက်ပြီးတော့ မှ
ရေဗုးမှောက်သလေး ဘာလေး နဲ့  အရှက်ပြေ ပါလားး။။

နောင်ဆို ခရီး အတိုပဲ ထွက်ထွက်
အသက်အာမခံကြေး ဝယ်သွားပါ ။ နောက်လူကောင်းစားရေး အတွက်ပေါ့ ..
ဟိဟိ

kiki said...

ဪ ... မမနော်ကြီးက လက်နာနေရှာတယ် ထင်ပါ့ ..
အတော်လေး မန့်သွားရှာတယ် .. ခိခိ

Craton said...

ဟဟဟားဟား... အေ့လေ အေ့လေ..

ဖွားကီနော်..သားကို..း(

ကိုရင်နော်ခင်လေးငယ် said...

သားငယ်လေးရေ..
ပျော်ရွှင်စိတ်လှုပ်ရှားစရာ ခရီးစဉ်လေးပါလား.. ဗီဒီယိုလေး ရိုက်ခဲ့တာတော့ မဟုတ်ဘူး.. အဲ့လို ခရီးစဉ်ကို ချစ်ခင်တဲ့ ဘလော့ဂါ မိတ်ဆွေတွေ အဖွဲ့လိုက်ကြီးနဲ့ သွားချင်လိုက်တာနော်.. ပျော်စရာကောင်းမှာ..

အေးလေ.. ဟုတ်ပါ့.. ရေသန့်ဗူးမှောက်တာမှ ဟုတ်ရဲ့လား..

ချစ်ခင်စွာဖြင့်..

ဦးနော်၊ တီငယ်၊ မမကလေးလေး

ဝက်ဝံလေး said...

အေး ဟေ့ရောင် ငါ ရောက်တယ်ကွ သိလား ဘိုင် တာ့တာ

Taungoo said...

သူက နီးနီးနားနားဆိုတော့ သွားနိုင်တာပေါ့။

အကြောပေးထားတယ်။

မြန်မြန်ပြေးထား။

Craton said...

ဟိဟိ..

စိမ်း... said...

ပျော်စရာကြီးပါလားကွယ်ရို့... ဓါတ်ကူးမယ်နော်... :P

Anonymous said...

အပိုင်းကဘယ်နှစ်ပိုင်းပိုင်းမှာလဲ (ကာရီးယိုးကားလို ) :P T

နေ့အိပ်မက် said...

မိုက်တယ်ဟ အမြင့်ကြောက်တဲ့သူကို စီးချင်လာအောင် ရေးနိုင်တယ်

နေ့အိပ်မက် said...

မိုက်တယ်ဟ အမြင့်ကြောက်တဲ့သူကို စီးချင်လာအောင် ရေးနိုင်တယ်

နေ့အိပ်မက် said...

မိုက်တယ်ဟ အမြင့်ကြောက်တဲ့သူကို စီးချင်လာအောင် ရေးနိုင်တယ်

Waing said...

KL ရောက်ရင်တော့ အဲ့ဒီနေရာကိုရောက်ဖူးချင်တယ် ဆက်ပါဦးနော်

မဆုမွန် said...

ပျော်စရာကြီးပါကွယ် ဟေးဟေး လိုက်လည်ချင်လိုက်တာ တို့တွေလည်း အခုလာမယ့်သောကြာနေ့ကနေ တနင်္လာနေ့အထိ ခရီးထွက်ပါမယ်ကွယ် ပြန်လာရင် ပြောပြမယ်

Craton said...

ဟုတ်.. လုပ်ပါဦး ပြန်ပြီးဝေငှ..း)

sonata-cantata said...

Genting Highland သွားတာမလား...ရောက်ဖူးသေးဘူးတော့ ...တို့လည်းသွားဦးမယ်

Craton said...

လာခဲ့ တီတာနဲ့ ဦးနော်တို့ကိုပါ တစ်ခါတည်း လိုက်ပို့မယ်..း)

Angel Shaper said...

ဝေးးးးးးးးးး ခရာရေ....
ပျော်စရာ ခရီးလေးပါလား။ အားကျသွားတယ်ဝေ့။
လာလည်ရင် လိုက်ပို့မှာလားဟင်။

Moe Cho Thinn said...

တို့ရောက်ဖူးတုန်းက sky way တွေ မရှိသေးဘူး။ ရိုးရိုး ကားနဲ့ပဲ တောင်ပေါ် တက်ရတယ်။ အဲဒီတုန်းကလဲ တိမ်ထဲရောက်နေလို့ ပျော်လိုက်တာ။

Phyo Evergreen said...

အဲလိုမျိုး..အေးတဲ့တောင်ပေါ်ဒေသတွေ သဘောကျတယ်..။

tg.nwai said...

ပျော်စရာကြီးသားရေ...အဲဒီလို တောင်အမြင့်တွေရယ်..တိမ်ခိုးတွေရယ် မြူတွေရယ်ဆိုင်းနေတဲ့ နေရာလေးဆို တအားလှတယ်နော်... ရေစိုတယ်လို့ပဲ..ထင်လိုက်ပါတယ်လေ..ဟဲဟဲ..အေးလေ..ဟုတ်လဲ ကလေးပဲ..ဘာရှက်စရာရှိတာမှတ်လို့...:)

rose of sharon said...

ပျော်စရာကြီးနော်... ဓာတ်ပုံလေးတွေ ကြည့်လို့ကောင်းတယ်

khin oo may said...

ညကတည်းက ခြေစွပ်ဝတ်အိပ်ရင်ပိုကောင်းမယ။်

khin oo may said...

သဘောကျလို့အခေါက်ခေါက်သွားဘူးတယ်။ အဲဒီ cable ကားကို တချီတည်းနဲ့ ခေါက်တုံ့ခေါက်ပြန် စီးဘူးးတယ်။ တက်ကစီနဲ့လည်းတက်ဘူးတယ်။ ကားကြီးနဲ့လည်းတက်ဘူးတယ်။ နောက်တစ်ခါ ဝင်ခေါ်မယ်။

Craton said...

တကယ်နော် ဂျီးဒေါ် ပုံမပြောကြေး...

သဉ္ဇာ - Thinzar said...

ahhh...လူတော်တော်များတယ်နော်။ ပိတ်ရက်ဆို မလေးတွေ တောပြန်ကုန်လို့ လူများပိုချောင်မလားလို့။ တော်သေးတယ် မသွားလိုက်တာ။ =)