စိတ်ညစ်လောက်အောင်တန်းစီရဦးမယ်ဆိုမှ နေကနည်းနည်းထွက်လာတယ်။ တော်တော်ကြာလိုက်တယ် နေပူတာ.. လူအုပ်ကလည်း ထုံးစံအတိုင်းမနည်းမနောမှတ်လား
လူတန်းကြီးရဲ့အလယ်လောက်ရောက်လာတော့ နေမထွက်တော့ဘူး။ ကောင်းရော အချိန်ကိုက်ဒုက္ခပေးသလားမှတ်ရတယ်။ တံတားကိုဖြတ်ပြီး တန်းစီစောင့်ရတာဆိုတော့ အပေါ်ရောက်တုန်း ပတ်ဝန်းကျင်ကိုအစုံကြည့်ဖို့ အခွင့်ရသွားတယ်။ တံတားအောက်ကလမ်းပေါ်မှာ ပြိုင်ကားအပျော်တမ်းစီးနေသူတွေ။ တဒုတ်ဒုတ်နဲ့ ဖြတ်ဖြတ်သွားတဲ့ပြိုင်ကားတွေကို အပေါ်ကနေလိုက်နောက်ကြသေးတာ။ ဟော.. ဟိုမှာ တောင်ကုန်းတစ်ခုတွေ့ပြန်ပြီ။ မြင့်သထက် မြင့် မြင့်လာတာချည်းပါလား။ အခုတော့ သည်းသည်းကွဲကွဲမြင်ရသေးတယ်။ ခဏနေတော့ ရုတ်တရက်မှောင်လာပြီး မိုးစက်တွေကျလာတယ်ဗျ။ အံ့ရော.. မိုးပေါက်တွေရဲ့သိပ်သည်းဆနဲ့ ရှိရှိသမျှမြူမှုန်တွေ နှင်းတွေကလည်း အောက်ကို အဖွဲလိုက် အဖွဲလိုက်ကျလာတာ ရက်ရက်စက်စက်။ လေကတဖြူးဖြူးနဲ့အေးစိမ့်ပြီး တံတားပေါ်ကိုဖြတ်တိုက်လာတဲ့ မြူတွေကို အရူးလိုပဲလက်နဲ့လိုက်ဖမ်း ၀ါးစား မျက်နှာအပ် ဆော့ကစားပေါ့။ သိပ်ပျော်တယ်။
အဲ.. ပျော်တာကချက်ချင်းရပ်သွားပြန်တယ်။ “We're going to stop the machine for a while raining. A few minutes only” တဲ့ .. နင်သဟ.. ဒီလောက်အရှည်ကြီးစောင့်လာပြီးမှ လှည့်ပြန်မယ့်သူက တစ်ယောက်မှမပါ။ ဒါကလည်း ထုံးစံကိုး။ သူတို့မှာက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းမိုးလေ၀သအချက်ပေးစက်တွေက နေရာတိုင်းမှာရှိတယ်.. မိုးရွာထဲစီးကြလို့မှမဖြစ်။ တစ်ခါပြုတ်ကျဖူးတယ်ဆိုပဲ။ Final Destination 3 ကိုတောင်သတိရသွားသေး .. ဟေဟေး..
ခဏနေ မိုးကွဲသွားပေမယ့် နှင်းတော့မစဲသေးဘူး။ ဒါပေမယ့် စက်ပြန်လည်လာတဲ့အချိန်မှာ ထ အော်မတက်ပျော်လိုက်ကြတာမပြောနဲ့ ။ အချိန်က ၄၅မိနစ်လောက်ဖြုန်းလိုက်ရပြီလေ.. မပျော်ဘယ်ရှိလိမ့်။ ကိုယ့်အလှည့်ရောက်ဖို့ ရင်ခုန်စွာစောင့်ကြရင်း မြူတွေကြားထဲ ဒုက္ခလာခံနေတဲ့ ကိုယ့်လိုလူသားတွေကို စိတ်လှုပ်ရှားဖွယ်အော်ဟစ်သံတွေကြားထဲကပဲ ငေးကြည့်နေမိတာ..
အံမယ်.. အပြောသာကောင်း.. ကိုယ့်အလှည့်လည်းကျရော အော်လိုက်ရတာဆိုတာ။ ဘေးကတစ်ယောက်က ကိုယ့်ထက်ပိုဆိုး။ နားကွဲတော့မယ်အော်နေတာ။ ဒုက္ခနှစ်ခု တစ်ပြိုင်တည်းခံနေရတာလေ။ ဝေါခနဲ ဝေါခနဲ ပြန်ပြန်ပြုတ်အကျတွေ၊ တွန့်လိမ်နေတဲ့အကွေ့တွေမှာ လူကဇောက်ထိုးဖြစ်သွားတာတွေ .. ပျော်လည်းပျော် အော်လည်းအော်ပေါ့။ စီးပြီးတော့ အသံတွေဝင်၊ ခေါင်းတွေချက်ချင်းကိုက်လာ.. ဖြစ်ပြီ မောင်တွန်တို့။ အိပ်ရေးမ၀ခဲ့ဘူးမှတ်လား။ “ဆေးပါကြလား ဆေး..” ဆိုပြီး လိုက်မေးပေးရ.. တော်သေး Panadol ကို တစ်ယောက်ကထည့်လာမိပေလို့။ ခပ်မြန်မြန်သောက်ချနေတုန်း တိတ်သွားတဲ့မိုးက ဖွဲဖွဲလေးပြန်ကျလာပြန်ပါရော.. မြူတွေကိုလည်း တစ်အုပ်ကြီး ထပ်ခေါ်လာပြန်တယ်။ လှတာတော့အတော်လှ .. မူးမူးကိုက်ကိုက်နဲ့ ဓါတ်ပုံကတော့ အမိအရရိုက်လိုက်သေး။
မြှားပစ်ဆောင်ဆင်ဝင်အောက်ခဏမိုးဝင်ခိုနေတုန်း သူများအတွဲတစ်အတွဲ ခေါက်ဆွဲပြုတ်တစ်ခွက်ကို ကြင်ကြင်နာနာဝေမျှစားနေတာမြင်တော့ ချမ်းချမ်းနဲ့ ကိုယ်ပါစားချင်စိတ်ဖြစ်ရော။ ဒီတော့ ဆိုင်ကိုပတ်ရှာ၊ မတွေ့၊ ဘယ်က၀ယ်ပါလိမ့် သွားမေးချင်၊ မေးကလည်းမမေးရဲ။ ဒါနဲ့ အစ်မတစ်ယောက်နဲ့ လိုက်ရှာကြတယ်။ အတော်ရယ်ရပုံက အဲ့ဒီဆိုင်ကိုမျက်စိရှေ့ထားပြီး ပတ်ပတ်လည်တခြားဆိုင်တွေ လိုက်ရှာနေကြလို့။ နောက်မှ တသြော်သြော်.. နဲ့ လိုရာရသွားပါလေတယ်။ မိုးအေး၊ နှင်းလေတအေးအေးနဲ့ ခေါက်ဆွဲပြုတ်ပူပူလေးကို ရှလူးရှလူးနဲ့နေအောင် စားပစ်လိုက်ပါတယ်။
ပြီးတော့ ပတ်ဝန်းကျင်အလှအပတွေဆီ ရီဝေနေတဲ့အာရုံကို ခဏလွှဲအပ်ထားလိုက်တယ်။ အမှတ်သညာမရှိဘူးတော့ပြောလို့မရဘူး ခုလိုလူအစုအဝေးနဲ့လာရခဲလေတော့ မူးလည်းမူးပဲ။ စုံအောင်တော့ လျှောက်စီးရမှာပဲ။ ပိုက်ဆံတွေလည်းပေးထားရပြီးမှလေ.. ဒီတော့ မှုန်တိမှုန်မှိုင်းမြင်နေရတဲ့ နောက် target တစ်ခုဆီကို အားမလိုအားမရလှမ်းကြည့်လိုက်မိတယ်..
ဆက်ရန်..
.
.
p.s)
ဦးနော်ကြီး၊ ကိုဖိုးစိန်နဲ့ ဖြိုးလေး(Evergreen Phyo) ပြောသလိုပဲ ဘလော့ဂါတွေစုပြီးတော့ အဲ့ဒီလိုတောင်ပေါ်ခရီးမျိုး ပျော်ပျော်ပါးပါးကြီး သွားချင်ပါတယ်။ ဒါက ကျွန်တော်အိပ်မက်နေတဲ့အရာတစ်ခုဆိုလည်းဟုတ်တယ်။ မဖြစ်နိုင်ဘူးမရှိပါဘူး။ ဒီဇင်ဘာလာကြမယ့် အဖွဲ့တွေနဲ့အတူစုံစမ်းပြီး ဒီဘက်ကမ်းကို အဲ့ဒီကသာ လူစုပြီးကူးလာခဲ့..။ အားငယ်နေတဲ့ ကလေးလေးတစ်ယောက်ရဲ့ အထီးကျန်နေမယ့်မွေးနေ့ပွဲလေးကို ပျော်အောင်ဖန်တီးပေးနိုင်မယ့်အပြင် မမေ့နိုင်တဲ့အမှတ်တရတွေလည်း ကြုံချင်ရင်ပေါ့။


17 Comments:
သူပဲသွားနေတယ်။
မနာလိုလိုက်တာ။
ရိုလာကိုစတာလဲ စီးချင်တယ်။
ဒါနဲ့ ခေါက်ဆွဲခွက်ကိုင်ထားတဲ့ လက်က ဘယ်သူ့လက်လေးလဲ။
လက်သည်းအရှည်လေးနဲ့မို့ ... စပ်စုကြည့်တာ။ :P
ဒီဇင်ဘာလ အရောက်လာမယ်နော်။
အဲဒီတောင်ပေါ်လဲ တက်ချင်တယ်။
ကစားကွင်းကြီးလဲ လိုက်ပို့ပေးပါ။ ဒါပဲနော်။
ဂတိ။ ဂတိ။
သွားချင်နေတာကြာလှပြီ....
သူများပြောတာပဲ ကြားဖူးတာ...
ခုမှပဲ ပုံတွေမြင်ဖူးတာ...
ပိုသွားချင်အောင် လာစွနေတယ်...
ဟင်း ဟင်း... :)
ရှုခင်းတွေကြိုက်တယ်... KFCနဲ့ ခေါက်ဆွဲပြုတ် မကြိုက်ဘူး
ရှုခင်းတွေကြိုက်တယ်... KFCနဲ့ ခေါက်ဆွဲပြုတ် မကြိုက်ဘူး
ပျော်စရာကြီးပါကွယ် ခေါက်ဆွဲပြုတ်လေး စားပြီး လိုက်လည်သွားတယ် ကော်ဖီပူပူလေးလဲ တိုက်ပါဦး အစ်မလဲ ခရီးပို့စ်တင်မယ် အလုပ်တွေက စောင့်နေတယ် :(
အဲသလို ရာသီဥတုလေးနဲ့ ပူပူနွေးနွေးစားစရာလေးနဲ့ဆို တကယ့်နိဗ္ဗာန်ဘဲ..။ လိုက်ပါခံစားသွားတယ်..။
သားသားလက်လေ အန်တီမေဓါဝီ... ဘာဖြစ်လို့?
Angel Shaper ကတိပေးပြီးပြီ တည်ရမယ်နော်.. တကယ်နော်.. ပြီးရော စောင့်နေမယ် အားလုံးကို..
စိမ်း.. သွားချင်လာခဲ့ပါဆို..
အန်တီဖေါ.. မကြိုက်ရင် စားနဲ့ပေါ့.. ကျွေးဝူး.. ဟွင့်..
မဆုမွန် အလုပ်များနေလား.. ဟိ.. တင်မယ်လို့ပြောထားတာတော့ ရေးဖြစ်အောင် ရေးရမယ်နော်.. ခရီးသွာလိုက်တာ အမြန်သားကလား.. ပြန်မရောက်သေးဘူးမှတ်တာ..
ဖြိုးလေး.. လာခဲ့လေ .. တူတူသွားမယ်
အားကျလိုက်တာ....
ဒီမှာ ဥရောပမဲဇာထဲကနေ မြူခိုးတွေအစား လွမ်းငွေ့တွေပဲဝေနေတာ......
December မှာဘယ်သူတွေလာမှာပါလိမ့် ..
သားငယ်ရေ..
အဲ့ဒီမှုန်တိမှုန်မှိုင်းကြီး မစီးခင် ရှူးရှူးတစ်ခေါက်လောက် သွားပေါက်လိုက်ပါဦး...
ဦးနော်လည်း သားငယ်နဲ့ တူတူသွားနေရသလိုပါပဲ..
ပျော်စရာ၊ ရင်ခုန်စရာ၊ စိတ်လှုပ်ရှားစရာ.. စုံလို့...
ချစ်တဲ့..
ဦးနော်၊ တီငယ်၊ မမကလေးလေး
ကျန်နေတဲ့အပိုင်းတွေလည်းမြန်မြန်လေးရေးနော် ချန်မထားနဲ့ ဘာတစ်ခုမှ ဟိဟိ သိတယ်ဟုတ် T
ဒီဇင်ဘာမှာ ကျိုက်ထီးရိုးတက်..
အဲလိုမြူတွေ ခံစားရလိမ့်မယ်...
း)
ပျော်စရာ ခရီး စဉ်လေး ပဲ
ချစ်တဲ့သူတွေနဲ့ သာ သွားရရင် ပိုပျော်ရမှာ အသေအချာ ပေါ့ ကလေးလေး ရေ
အခု လက်မှတ်ဖြတ်လိုက်ရမလား...
ဒါနဲ့ ဘယ်ကိုလာပြီး ဘယ်ကိုသွားရမှာလဲ...
ခေါင်းဆောင်မယ့်သူလက်ညိုးထောင်
ကျနော်စာရင်းပေးတယ်
တို့..တစ်
ဖြတ်ပြီးတဲ့သူတွေတောင် ဖြတ်ပြီးနေပြီ ကာရွာသိုးရ.. ပါအောင်လိုက်လာခဲ့.. ခေါင်းဆောင်ကတော့ မျောက်ဖိုးစိန်ပဲနေမယ်.. ခွိ..
ခလေးလေးက အားငယ်နေရှာတယ် လားးး။
မထင်၊ မထင်.. လို့တော့ မပြောပါဘူး..။
ဘာပဲဖြစ်ဖြစ် ဒီဇင်ဘာမှာ လာဖြစ်ဖို့ စီစဉ်နေပါတယ် ညီလေးရေ။
Post a Comment